ဒီစာအုပ်လေးကတော့ English စာ အတော်အသင့်လောက်ရပြီးတော့ English စကားပြောကို Native Speaker တစ်ဦးလိုပြောချင်တဲ့သူတွေအတွက် ဆက်ဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

Speak to Win: How to Present with Power in Any Situation
ဒီစာအုပ်ကတော့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Brain Tracy ရေးထားတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပြီးတော့ ကိုယ့်အနေနဲ့ confident ရှိရှိ၊ positive ဆန်ဆန်နဲ့၊ သက်သောင့်သက်သာ လူအများရှေ့မှာဘယ်လိုစကားပြောမလဲ၊ လူတွေရယ့် စိတ်ဝင်စားမှုကိုရအောင်ဘယ်လိုစပြောမလဲ၊ ကိုယ့်ရယ့် body language ကိုဘယ်လိုထားသင့်သလဲ၊ ဘယ်အချိန်မှာ ဟာသလေးနှော၊ ဘယ်အချိန်မှာ ဇာတ်လမ်းလေးပြောသင့်သလဲ စသဖြင့် စကားပြောတဲ့အခါမှအသုံးဝင်နိုင်မယ့် အကြောင်းအရာတွေကိုရေးပြထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။