Book Cover

The Subtle Art of Not Giving a F*ck

Author: Mark Manson

Summary: ဒီစာအုပ်လေးကတော့လွန်ခဲ့တဲ့ ၂ နှစ်လောက်က နာမည်ကြီးခဲ့တဲ့ “ဂရုမစိုက်ခြင်း အနုပညာ” ရယ့် English စာအုပ်လေးပဲဖြစ်ပါတယ်။ ဒီ စာအုပ်လေးဟာဆိုရင်တော့ Net York Time Bestseller စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ စာအုပ် copy ပေါင်း 6 million ကျော်ရောင်းရတဲ့စာအုပ်ကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။စာအုပ်နဲ့ပတ်သတ်ပြီး “စိတ်ခွန်အားပြည့်စာစုများ” page ကတင်ပေးထားတဲ့ အနှစ်ချုပ် ၂၃ ကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

1. ကိုယ့်ကိုယ်ကိုသိပါ။ ကိုယ့်အရှိအတိုင်း လက်ခံတတ်ပါစေ။
2. ကိုယ်ဖြစ်ချင်တာကို သိပါ။ ကိုယ်ဖြစ်ချင်တာ သိပြီး ဖြစ်ချင်တဲ့ဆီကို သွားနေရင်းနဲ့ တလွဲတွေ ဖြစ်နေတဲ့ လောကကြီးထဲက ကိုယ်ဖြစ်ချင်တာတွေနဲ့ မဆိုင်တဲ့ အရေးမပါတဲ့အရာတွေကို ဂရုမစိုက်ပဲ နေတတ်ပါစေ။
3. အားနာတတ်တာကို လျှော့ပြီး ငြင်းပယ်တတ်ပါစေ။ SAY “NO”
4. နာကျင်စရာ ဒုက္ခတွေကို တည့်တည့်ရင်ဆိုင်ပါ။ ထပ်တူညီတဲ့ ဒုက္ခတွေ နောက်တစ်ခါ မဖြစ်အောင် ရှောင်။
5. သုခနဲ့ ဒုက္ခက ဒွန်တွဲနေတာမို့လို့ ဘယ်လို ဒုက္ခ လိုချင်လဲဆိုတာ တွေးပြီး ဘဝကို ဖြတ်သန်းပါ။
6. မိမိကိုယ် မိမိ သာမာန်လူတစ်ယောက်ပဲ ဆိုတာ လက်ခံရမယ်။ ကိုယ့်ဒုက္ခတွေဟာ သူများတွေနဲ့ အတူတူပဲဆိုတာ နားလည်ရမယ်။
7. ထူးထူးခြားခြားဖြစ်ချင်တယ်ဆိုတာ မကောင်းဘူး။ ကိုယ့်အခြေအနေ ကိုယ်သိပြီး သာမာန်လူလို ကြိုးစားရင်းနဲ့မှ ထူးခြားလာတာမျိုး။ တမင်တကာကြီး ထူးခြားဖို့ စကြိုးစားရင်တော့ စိတ်ကူးယဉ်တာများပြီး ရွာသာကြီး ရောက်သွားနိုင်ပါတယ်။
8. ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေချာသိပါစေ။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဘယ်ပေတံနဲ့တိုင်းနေတာလဲဆိုတာ သေချာသိပါစေ။
9. ကိုယ့်စိတ်ကို ကိုယ်တာဝန်ယူပါ။ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်သမျှကို လိုက်မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကိုတော့ ကိုယ်ပိုင်ပါသေးတယ်။
10. ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရင်လဲ ကိုယ့်ရွေးချယ်မှုကနေ ရလာမယ့် အကျိုး အကြောင်း အကောင်း အဆိုး အကုန် တာဝန်ယူတတ်ပါစေ။
11. ကိုယ့်အမှား ကိုယ်သိပါ။ အမှားများရာကနေ နည်းရာကို သွားပါ။ အမှားမရှိတဲ့ဘဝမျိုး ဆိုတာတော့ မရှိပါဘူး။
12. မသိဘူးဆိုတာကို ရဲရဲဝံ့့ဝံံ့ လကခွံတတပွါစေ။
13. ကိုယ့်ခံယူချက်နှင့် ယုံကြည်ချက်တွေကို အမြဲပြန် ဆန်းစစ်ပါ။
14. ခံစားနေရတဲ့ စိတ်နှင့် တကယ်ဖြစ်နေတဲ့ လက်တွေ့ကို အမြဲ ကွဲကွဲပြားပြား သိပါစေ။
15. စဉ်းစားနေမယ့်အစား တစ်ခုခုထလုပ်လိုက်၊ လုပ်နေမှ ဖြစ်ချင်စိတ်တွေကို ပိုဖြစ်လာတာ။
16. ယုံကြည်မှုရအောင် ရိုးသားမှုကို အရင်တည်ဆောက်ပါ။
17. သဘောထားကွဲလွဲမှုကို လက်ခံပါ။
18. ချစ်ရတဲ့သူအချင်းချင်းတောင် သူ့စည်း၊ ကိုယ့်စည်း ခွဲခြားပါ။
19. တည်ငြိမ်တဲ့လွတ်လပ်မှုကိုရှာပါ။
20. သေခြင်းတရားကို အမြဲသတိရပါ။ သေရမှာ ကြောက်တဲ့စိတ်ဟာ ရှင်ရမှာ ကြောက်တဲ့စိတ်နဲ့ တွဲပါလာတာမျိုး။
21. ကိုယ်မရှိတဲ့အခါ ကမ္ဘာကြီးကို ဘယ်လို ခြေရာတွေ ချန်ခဲ့ချင်လဲလို့ တွေးပြီး ရှင်သန်ပါ။
22. ဘယ်အရာမှ၊ ဘယ်တော့မှ ကြောက်စရာ မလိုဘူး။
23. မကြိုးစားပဲနဲ့ ဘာမှမရဘူး။
စုစည်း တင်ပြပါသည်

“You and everyone you know are going to be dead soon. And in the short amount of time between here and there, you have a limited amount of fucks to give. Very few, in fact. And if you go around giving a fuck about everything and everyone without conscious thought or choice—well, then you’re going to get fucked.”

Download Now

 

Free Course ဒေါင်းသူများအတွက်

ကြေညာလေးပေါ်လာရင် နှိပ်ပေးရင်း ကူညီပေးပါဦးနော်

Click here

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

Share ခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ။ Share ရန်...​
Share on facebook
Share on twitter
Share on telegram

Related Books

Book Cover

Mythology Collection

“Mythology can be defined as the sacred history of humankind.” African Mythology A to Z – Download Now Chinese Mythology A to Z – Download Now Egyptian

Book Cover

The Old Man and The Sea

Summary: The Old Man and the Sea is one of Hemingway’s most enduring works. Told in language of great simplicity and power, it is the

Ads available

စာအုပ်တောင်းမယ်...

စာအုပ်တောင်းချင်သူတွေအတွက် ကျနော်တို့ရယ့် “Self-Study လေ့လာနေသူများ” Group ထဲကနေစာအုပ်လေးတွေတောင်းနိုင်ပြီးတော့ အပြန်အလှန်သိသူတွေလည်း Self-Study လေ့လာသူအချင်းချင်းကူညီပေးကြပါဦးနော်။

စာကြည့်တိုက် App လေးရပြီနော်...