Trump လို့ပြောလိုက်ရင် ငယ်ငယ်ကတည်းက ချမ်းသာတဲ့မျိုးရိုးကနေဆင်းသက်လာတဲ့သူ အိမ်ခြံမြေတွေအများကြီးနဲ့ ရွှေဇွန်းတပ်ပြီးတော့ မွေးလာတယ်လို့ တော်တော်များများသိကြပေမယ့် သူ့ဘဝမှာလည်း သူ့ခေတ်နဲ့ သူ့အချိန် ဒေဝါလီခံလုနီးနီး လုံးဝကို အကြွေးတွေနဲ့ မွဲတော့မယ့်အချိန်ထိ ကိုစိုက်ရောက်ခဲ့ဖူးပါတယ်။ အဲ့အချိန်အခါတုန်းကဆို မီဒီယာတစ်ခွင်လူတိုင်းပါးစပ်မှာ ကျဆုံးတော့မယ် Trump တစ်ယောက်အကြွေးတွေနဲ့ မွဲတော့မယ်လို့တရစပ်ပြောနေကြပေမယ့် သူ့အနေနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။ ဘယ်လို Risk တွေကိုသူယူရဲခဲ့ပြီးတော့ ဘယ်လိုမျိုး ပြသာနာကိုဖြေရှင်းခဲ့လဲ။ သူများတွေ မီဒီယာတွေအားလုံး မျက်နှာဖုံးစီးမှာပါ သရောခံအပြောခံပြီး ကျဆုံးတော့မယ်လို့ပြောနေတာကို သူ့အနေနဲ့ဘယ်လိုစိတ်သဘောထားခဲ့ပြီး ကျော်ဖြတ်ခဲ့သလဲ စတဲ့အကြောင်းအရာတွေကို ရေးသားထားတာဖြစ်ပါတယ်။
ဒီစာအုပ်လေးကတော့ အခုလိုနှစ်သစ်အချိန်ကနေစပြီးတော့ လာမယ့် နှစ်အတွက် အခက်အခဲတွေကြုံတိုင်း ကိုယ့်အနေနဲ့ ဘယ်လိုစိတ်ထားပြီးတော့ ပြသာနာတွေကိုကျော်ဖြတ်သင့်လဲဆိုတဲ့ မေးခွန်းအတွက် ဖတ်သင့်တဲ့စာအုပ်လေးတစ်ခုပါ။